Monday, October 5, 2009

ကင်ဆာဘေးအန္တရာယ်မှကာကွယ်နည်းများ


လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် သူ့နေရာနှင့်သူအရေးပါသည်။ အရေးအကြီးဆုံးအပိုင်းကိုကြည့် လျှင်လူ၏ဦးနှောက်ပင်ဖြစ်သည်။ သည်ဦးနှောက်ဖြင့် စဉ်းစား၊ ဆင်ခြင်၊ သုံးသပ်၍ဖန်တီးလုပ်ကိုင်နိုင်သည်မှာ မျက်မြင်ထင်ရှားပင်ဖြစ်သည်။

လူများနေ့စဉ် သွားလာ၊ လည်ပတ်၊ လှူပ်ရှားနေသောအချိန်တွင် မိမိဦးနှောက်သည် မည်မျှအရေးပါသလဲဆိုတာစဉ်းစား
ချင်မှစဉ်းစားမိလိပ့်မည်။ သို့သော် နာမကျန်း၍ခန္ဓာကိုယ်
ချို့ယွင်းသောအချိန်တွင် ယခင်သန်သန် မာမာလှူပ်ရှားခဲ့သောခန္ဓာကိုယ်၊ အဆန်းအသစ်များစွာ တီထွင်နိုင်ခဲ့သောဦးနှောက်၏ တန်ဘိုးတို့ကို ထင်ထင်ရှားရှားကြီးကို သတိရမိလိုက်မည်။

ယခင်ဒိုင်နိုဆောပမာကြီးမားခဲ့သောထိုဦးနှောက်သည် အိုမင်းသောအခါတွင်၎င်း၊ ခန္ဓာကိုယ်ချို့ တဲ့သောအခါတွင်၎င်း၊ ဒိုင်နိုဆောကြီးကို ဘိုင်းကနဲနေအောင် လှဲချလိုက်
တာနဲ့တူနေပါသည်။

လူတွေထံအမှတ်မထင်လာရောက်ပြီး အချိန်တိုလေးမှာ ထိုသူ၏အသက်ကိုအလွယ်တကူနှူတ်ယူသွားတတ်တဲ့ ဧည့်သည်ကတော့ Cancer ဖြစ်ပါသည်။

Just me ခင်မင်သော မိတ်ဆွေစာဖတ်သူများအား မလိုလားအပ်သောထို ဧည့်သည်၏ဘေးအန္တရာယ်မှကင်းဝေးကြစေရန် Cancer ကာကွယ်နည်းများကိုတင်ပြလိုက်ပါသည်။

1. သွားတိုက်ပါ
နှံ့နှံ့စပ်စပ်သေသေချာချာသွားတိုက်ခြင်းဟာ ပန်ခရိယကင်ဆာကိုကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သွား သေသေချာချာ မတိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွားဖုံးရောဂါဟာ ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို၆၃% တိုးစေပါတယ်။

2. လက်ဖက်ရည်ကြမ်းသောက်ပါ
လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော အင်တီအောက်ဆီဒင့်သည် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိသည်။ လက် ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသဲကင်ဆာတို့ ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်သည်။ တစ်နေ့နှစ် ခွက်သောက်ခြင်းဖြင့် အစာခြေအစိတ်အပိုင်း ကင်ဆာ၏ အန္တရာယ်ကို ၃၂% လျှော့ချပေးနိုင်စွမ်းရှိသည်။ တစ်နေ့လျှင် ၅ခွက်ထက်မနည်း သုံးဆောင်သော ယောက်ျား သားများအဖို့ဆီးကျိတ်ကင်ဆာအန္တရာယ်ကို ထက်ဝက်လျှော့ချပေးနိုင်စွမ်းရှိသည်။

3. အကိုက်အခဲပျောက်ဆေးမှီဝဲပါ
တစ်ပဲနီ့စာမျှသော အကိုက်အခဲပျောက်ဆေးမှီဝဲခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၀% လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားကင်ဆာ၊ Colorectal ကင်ဆာ ရင်သားအကျိတ်တို့ကို ဖြစ်ပွားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

4. အသီးအနှံအစိမ်းစားပါ
ရပ်စ်ဗယ်ရီသီး၊ မုန်လာဥ၊ ဘလူးဘယ်ရီသီး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းအစရှိသည့် အစိမ်းစားအသီးအနှံများကို တစ် နေ့စားသုံးသည့် ပမာဏ၏ တ၀က်မျှ စားသုံးပေးပါ။

5. ကားမီးခိုးငွေ့တွေကိုရှောင်ပါ
အကာအကွယ်မရှိ ကားမီးခိုးငွေ့ထူထပ်ရာနေရာသို့ သွားခြင်းသည် လူ၏ DNAကို ပျက်ဆီးစေပြီး ကင်ဆာ ရောဂါဖြစ်စေသည့် အလားအလာရှိသည်။ လေ့လာချက်အရ မြို့နေအမျိုးသမီးများသည် ကျေးလက်နေအမျိုး သမီးများထက် ကင်ဆာဖြစ်ပွားမှု ၁.၅ ဆပိုသည်။

6. အားကစားလုပ်ပါ
အေရိုးဗစ်ကစားခြင်း၊ ခပ်သုတ်သုတ်ပြေးခြင်းနှင့် ရေကူးခြင်းများကို တစ်ပတ်လျှင် ငါးနာရီထက် မနည်းလုပ် ဆောင်လျှင် အမျိုးသမီးများအား ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ အားကစားပြင်း ပြင်းထန် ထန်လုပ်ခြင်းနှင့် ရောဂါအန္တရာယ်လျော့ပါး လာခြင်းတို့သည် အဆက်အစပ်ရှိသည်။ သာမန်လှုပ်ရှား မှုမျှသာဖြစ်သော လမ်းလျှောက်ခြင်းနှင့် ဂေါက်ကစားခြင်းစသည်တို့သည် ကင်ဆာအပေါ် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိပေ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကင်ဆာကို အားပေးသောဟော်မုန်းများဖြစ် ပေါ်ခြင်းကိုလျှော့ချ ပေးသည်။

7. အလွန်အကျွံမသောက်ပါနဲ့
နေ့စဉ် ဘီယာတစ်ပိုင့် (သို့မဟုတ်) ၀ိုင်တစ်ဖန်ခွက် သောက်သုံးခြင်းဟာ အူကင်ဆာဖြစ်ပွားခြင်းကို ၁၀% ပိုမိုဖြစ်အားပေးပါတယ်။ အမျိုးသမီးများအတွက်လည်း ရင်သားကင်ဆာဖြစ်ခြင်းကို၂% ပိုမိုအားပေးပါတယ်။ အလွန်အကျွံသောက်ရင်ဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။ အရက်သောက်ခြင်းဟာလည်း အသဲကင်ဆာဖြစ်ပွားမှုနှင့် အဆက်အစပ်ရှိနေပါတယ်။

8. ကိရိယာဖြင့်နေပူစာလှုံခြင်းကို ရှောင်ပါ
ခေတ်ပေါ်အားပြင်းမီးချောင်းများမှထုတ်လွှတ်တဲ့ခရမ်းလွန်ရောင် ခြည်တွေကိုအသုံးပြုပြီးနေပူစာလှုံခြင်းဟာအရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။

9. အမဲသားလျှော့စားပါ
အမဲသားစားခြင်းဟာ ခန္ဓာကိုယ်အသားမျှင်တွေထဲမှာ အန္တရာယ်ရှိစေတဲ့ မော်လီကျူးတွေကို ဖြစ်စေပါတယ်။ အဲဒီမော်လီကျူးတွေက DNA ကိုဖျက်ဆီးပစ်ပြီးအူကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေတစ်ပတ်မှာ သုံးကြိမ်ကျော် အမဲသားစားရင် ရင်သားကင်ဆာ အန္တရာယ်တိုးပွား လာမှာဖြစ်ပါတယ်။ သွေးဆုံးတဲ့ အမျိုးသမီး တွေဆိုရင် ပိုပြီးအန္တရာယ်ရှိပါတယ်။

10. စိုးရိမ်စိတ် မများပါနဲ့။
အလွန်အမင်းစိုးရိမ်ပူပန်ခြင်းဟာ ကင်ဆာရောဂါအပါအ၀င် အကြောင်းကြောင်းကြောင့်စောစီးစွာ သေဆုံးမှု အန္တရာယ်ကို ၅၀%မြင့်တက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်း နှင့်စိုးရိမ်စိတ်များခြင်းဟာခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ဟော်မုန်းတွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုများ ခြင်းဟာအမျိုးသမီးတွေ အတွက်ရင်သား ကင်ဆာဖြစ်ပွားခြင်း ၏ကို နှစ်ဆမြင့်တက်စေပါတယ်။

11. အသင့်စားအစားအသောက်တွေကို မစားပါနဲ့
ဟမ်၊ ဘေကွန်၊ အသားချောင်းတွေကို နေ့စဉ်စားသုံးခြင်းဟာ အူကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၁% မြင့်တက် စေပြီး၊ လည်ချောင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ဆီးကျိတ်ကင် ဆာဖြစ်ပွားဖို့ လည်းအလား အလာရှိပါတယ်။

12. ဥများများစားပါ
အမျိုးသမီးများအနေဖြင့် တပတ်ကို ဥ ၆ လုံးစားရင် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၄၀% အထိလျှော့ချ ပေးပါတယ်။ ဥမှာ ကင်ဆာဆဲတိုးပွားမှုကို တိုက်ဖျက်နိုင်တဲ့ Sphingolipids ပါဝင်ပါတယ်။

13. မီးခိုးများတဲ့နေရာကို ရှောင်ပါ
ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မီးခိုးရှုရတဲ့သူဟာ ၂၀% ကနေ ၃၀% ကြား အဆုတ်ကင်ဆာ ဖြစ်ဖို့အခွင့် အလမ်းရှိပါတယ်။

14. ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းပါ
အ၀လွန်ခြင်းဟာလည်း ကင်ဆာရောဂါဖြစ်ပေါ်မှုအတွက် အရေးပါပါတယ်။ကင်ဆာရောဂါ ၃၀၀၀၀၀ရဲ့ သုံးပုံတစ်ပုံဟာ ကိုယ်အလေးချိန် နဲ့ ပတ်သက်ဆက်နွယ်မှုရှိ နေပါတယ်။ အဆီပိုတွေဟာ ရင်သားကင်ဆာ၊ အူကင်ဆာ၊ ပန်ခရိယကင်ဆာ အပါအ၀င် ကင်ဆာရောဂါ ၆ မျိုးကို ဖြစ်စေပါတယ်။

15. နို့သောက်ပါ
မလိုင်မပါတဲ့ နို့ တစ်ခွက်ကို နေ့စဉ်သောက်သုံးပေးခြင်းက အမျိုးသမီးများအတွက်သားဥအိမ်ကင်ဆာကို၄၀% လျှော့ချပေးနိုင်ပေမယ့် ပမာဏများတဲ့နို့ကို သောက်သုံးမယ်ဆိုရင် သားဥအိမ်ကင်ဆာအန္တရာယ် ကိုတိုးပွား စေပါတယ်။ အမျိုးသမီးများ နေ့စဉ်နို့နှစ်ခွက် သောက်စေခြင်းဟာပြင်းထန်သောရောဂါဆိုးကျိုးများကို ဖြစ်ပွားစေ တယ်ဆိုတာ အမျိုးသမီး ၆၀၀၀၀ဦးကို သုတေသနပြု လေ့လာမှု လုပ်ပြီးနောက် သိရှိခဲ့ရပါတယ်။

16. Oral sex ပေးခြင်းကို ရှောင်ကျဉ်ပါ
Oral sex ပေးခြင်းဟာ လည်ချောင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကျဉ်ရပါမယ်။

17. သင့်ရဲ့ရင်သွေးငယ်ကို နို့တိုက်ပါ
မိခင်တစ်ယောက်အနေနဲ့ ရင်သွေးငယ်ကို အနည်းဆုံး အချိန် ၆ လ နို့တိုက်ပေးခြင်းဖြင့် ရင်သားကင်ဆာရော၊ သားဥအိမ်ကင်ဆာကိုပါ ၇% လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ရင် မနက်ခင်းပိုင်းနေထိုင်မကောင်းဖြစ်ခြင်းကို ကျေကျေ နပ်နပ်လက်ခံပါ။ အဲဒီအချိန်တွေမှာ ကင်ဆာဆဲလ်တိုး တက်ဖြစ်ပေါ်မှုကို တားမြစ်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ် နေတာ ဖြစ်ပါတယ်။

18. သန္ဓေတားဆေးကို ခဏတဖြုတ် သောက်သုံးပါ
သန္ဓေတားဆေးသောက်သုံးခြင်းဟာ အမျိုးသမီးများအတွက် ကင်ဆာရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းနည်း စေပါတယ်။ ဒါပေမယ့် ၈နှစ် တာကာလကျော်အထိ သောက်သုံးနေမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်ဖို့ အခွင့် အလမ်းများလာမှာဖြစ်ပါတယ်။

19. နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပါနဲ့
အလှအပအတွက် နေပူစာလှုံတော့မယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့ အခါကျ တော့သတိရကြပါ။ ပြင်ပလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ၅၆% သာလျှင်ခရင်မ်လိမ်းဖို့ သတိရကြပါတယ်။ ကျန်တဲ့ ၄၄%ကတော့ အရေပြား ကင်ဆာဖြစ်ဖို့ လမ်းစပါပဲ။

20. မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာ ဘာမှမဆိုင်
မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာဟာ ဘာမှမဆိုင်ပါဘူးဆိုတာ ကင်ဆာသုတေသနသိပ္ပံနဲ့ ဥရောပ ငါးနိုင်ငံတို့ပူးပေါင်းပြီး လူ၄၀၀၀ကျော် အပေါ် ပြုလုပ်တဲ့ သုတေသနကြောင့် သိရှိခဲ့ရပါတယ်။

21. တစ်နေ့လျှင် 12 နာရီ အစာရေစာမစားဘဲနေလျှင် ခန္ဓာကိုယ်အထဲတွင်ပူပြီး Cancer cell ကို ဖျက် စီးနိုင်ကြောင်း ဥရောပ Cancer
သုတေသန များတွင်တွေ့ရှိရပါတယ်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

မေတ္တာရှေ့ထားလျှက်
http://myittar-yaysin.blogspot.com/

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, October 4, 2009

တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်



အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်။
အိုက်စ်ကရင် ဆန်းဒေး (သီးစုံအိုက်စ်ကရင်) တစ်ခွက်ပင် ဘယ်လောက်မှ များများ မပေးရသည့် ကာလ။ (၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက် ဟိုတယ်ကော်ဖီခန်းထဲ ၀င်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်။ စားပွဲထိုးအမျိုးသမီး တစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက် ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်။

“အိုက်စ်ကရင်ဆန်းဒေးတစ်ခွက် ဘယ်လောက်လဲခင်ဗျ။”

“ဆင့် ၅၀ ပါ” စားပွဲထိုးက ဖြေသည်။

ကောင်လေးက သူ့ အိတ်ထဲမှ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်။ပြီးတော့၊

“အိုက်စ်ကရင် ရိုးရိုးတစ်ခွက် ဆိုရင်ကောဗျာ” ဟု မေးသည်။

ထိုင်စရာနေရာမရသေးသည့်ဧည်သည်တစ်ချိုလည်းရှိနေတော့ စားပွဲထိုး အမျိုးသမီး သိပ်စိတ်မရှည်ချင်။

“၃၅ ဆင့်” သူမက တိုတိုပြတ်ပြတ် ဖြေသည်။

ကောင်လေးက သူ့ ပိုက်ဆံပြားတွေ ရေတွတ်ပြန်သည်။ ထိုနောက် “အိုက်စ်ကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါ ခင်ဗျာ” ဟု ဆိုသည်။

အမျိုးသမီးက အိုက်စ်ကရင် ယူလာသည်။ ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စာပွဲပေါ် တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်။

ကောင်လေးက အိုက်စ်ကရင်ကို စားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်။ ပြီး ထွက်ခွာသွားသည်။

စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီ ပြန်လာပြီး ခုံကို သုတ်သည့်အခါ မြင်လိုက်ရသောအရာကြောင့် သူမရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ ကောင်လေး စားသွားသည့် အိုက်စ်ကရင်ခွက် နံဘေးတွင် ငါးဆင့်စေ့ ၂ စေ့နှင့် တစ်ဆင့်စေ့ ၅ စေ့ ညီညီညာညာလေး ပုံပြီး ထားခဲ့သည်။

သူမအတွက် တစ်(ပ)(စ) ပေးထားခဲ့ခြင်းပင်။

ဖေမြင့်

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ကြရအောင်


၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။

၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။

၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သောဒေါမနဿဒေါသမဖြစ်ပါနှင့် ။

၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ

၊ ဆင်းရဲသည်ကို ဂုဏ်ယူပါ ။ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့် ။

၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။

၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊

မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သော

မိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇ ။ လိမ်ညာ မုသားစကားပြောခြင်းမှ ရှောင်ကြည်ပါ ။

၈ ။ မည့်သည့်စိတ်ဖြင့် ဖြစ်စေ ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ် ၊ ဆိုးစေလို့၍ပဲဖြစ်ဖြစ် ၊ ဖရုသ၀ါစာတည်းဟူသောဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ ။

၉ ။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော ၊ ရန်တိုက်ပေးသော ပိသုဏ၀ါစာစကားကိုရှောင်ကြဉ်ပါ။

၁၀။ ကလေးသူငယ်များနှင့် လူဖျင်းလူပေါ့တို့ နားထောင်၍ ကောင်းရုံသာ ဖြစ်သော( အနက်အဓိပ္ပာယ်မရှိ ၊အကျိုးမရှိသော)

အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဇပ္ပလာပစကားကို ရှောင်ကြဉ်ပါ ။ ဟိုစပ်စပ် ဒီစပ်စပ်ပါဝင်ကာ အာလာပ သလ္လာပ

ဗရုတ်သုတ်ခမဟုတ်က ဟုတ်ကစကားများ မပြောပါနှင့် ။

၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင် ၊ သဘောပေါက်လွယ်အောင် သာယာပျောင်းညင်းစွာ ပြောဆိုပါ ၊ လူပုံအလယ်တွင်

အရှက်ကွဲစေခြင်း ၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ ။

၁၂ ။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပါ ။

၁၃ ။ သရဏဂုံသုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ၊ မေတ္တာဘာဝနာကိုပွားပါ ။ဝိ ပဿနာလမ်းသို့တက်လှမ်း နိုင်ပါစေ ။

၁၄ ။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ ။

၁၅ ။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ ။

၁၆ ။ အစဉ် ကြည်လင်သော ကောင်းသော စိတ်ကိုမြှုပ်နှံထားပါ ။

၁၇ ။ လောကုတ္တရာတရားတော်တွင် စိတ်ကို မြှုပ်နှံထားပါ ။

၁၈ ။ * ခန္တီစ သည်းခံခြင်းတရားကို မမေ့မလျော့လေနှင့် ။

* ရန်ကိုရန်ချင်း မတုံနှင်းနှင့် ။

* မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏ ။

၁၉ ။ ကာယ ၊ ၀စီ ၊ မနောအားဖြင့် ပြုမှုလှုပ်ရှား ပြောဆိုမှု ၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်လျော်မလျော် ၊ အချိန်အခါ

ဟုတ် မဟုတ် ၊ ပြောလျှင်ဘာဖြစ်မလဲ ၊မပြောလျှင်ဘာဖြစ်မလဲ ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏ ၊ လုပ်သင့်၏ ၊ စဉ်းစားသင့်၏ ။

အကျိုးအပြစ်ဝေဖန်ပြီးမှလုပ်သင့်၏ ။ စိတ်နောက်ကိုပါ ၊ အချွန်းမရှိ ၊ ပညာမရှိ မပြုမူသင့် ။

၂၀ ။ ဇကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ ၊ လူကောင်း သူကောင်းလည်းဖြစ် ၊ ယခုဘ၀တွင်ရော ၊

သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည် ။နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်တရား ၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ ။

၂၁ ။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ ။

၂၂ ။မိမိစိတ်ကိုအစဉ်သတိဖြင့်ကပ်ထားပါလေမလွတ်လိုက်ပါနှင့်။စိတ်ဟူသည်ဖြန့်ကျက်တက်သောသဘောရှိ၏ ။

forward mail မှ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရယ်စရာ


ပါဠိကို သေချာမဖတ်တော့….

စာသင်ခန်း တစ်ခု၌ ဆရာမက တပည့်များအား ပါဠိဘာသာစကား ဘာသာရပ် သင်ကြား ပို့ချလျက် ရှိ၏။

"ပါဠိ ဘာသာ စကားမှာ အသုံးများတဲ့ စကားလုံး နှစ်လုံးဖြစ်တယ်။ တစ်လုံးက "တွံ" ဖြစ်ပြီး နောက်တစ်လုံးက "မေ" ဆိုတာ ဖြစ်တယ်။ "တွံ" ဆိုတာ အင်္ဂလိပ်လို ပြောမယ်ဆိုရင် You ဖြစ်ပြီးတော့ "သင်" လို့ အဓိပ္ပာယ်ရတယ်။ "မေ" ဆိုတဲ့ စကားလုံးကတော့ အင်္ဂလိပ်လို ဆိုရင်Me ဖြစ်ပြီး "ငါ့အား" လို့ အဓိပ္ပာယ်ရတယ်။ ဘုရား ရှိခိုးတွေမှာ အများဆုံး တွဲပြီး ပါဝင်တတ်ပြီး မြန်မာလို အဓိပ္ပာယ် အလွယ် ကောက်လို့ ရအောင် "တွံ သင်သည်… မေ ငါ့အား…." ဆိုပြီး ဆက်တိုက် ဘာသာ ပြန်တတ်ကြတယ်။ "

ထိုစဉ် အခန်းနောက်နားမှ ကျောင်းသား ၂ ဦး စာသင်ရာတွင် စိတ်မ၀င်စားဘဲ တိုးတိုး တိုးတိုးနှင့် စကား ပြောနေသည်ကို ဆရာမ တွေ့သွားသဖြင့် လှမ်းမေးလိုက်သည်။

"ကဲ နောက်က ကျောင်းသား ၂ ယောက် မတ်တပ်ရပ်ပါ။ ဆရာမ ခုနက ဘာပြောသွားလည်း ပြန်ပြောပြပါ။ "

ဆရာမ၏ အမေးအား ဖြေလိုက်သော ကျောင်းသား၏ အဖြေကြောင့် တခန်းလုံး သောကနဲ ရယ်ကြ၍ ဆရာမလည်း လွန်စွာမှ ဒေါသ ထွက်သွားသော ဟူ၏။ ထို ကျောင်းသား၏ အဖြေစကားမှာ

"သင် တွံ သည်၊ မေ ငါ့အား… လို့ ပြောပါတယ် ဆရာမ" ဟူ၏။


လူမှုရေး နားမလည်လို့ပါ

တက္ကသိုလ် စာသင်ခန်း တစ်ခုတွင် ဖြစ်၏။ အခန်းပြင်ပမှ ဧည့်သည်တစ်ဦး လာရောက် တွေ့ဆုံရာ သက်ဆိုင်ရာ ကျောင်းသူ ထွက်ကာ တွေ့ဆုံ၏။ ထွက်ရာတွင် အလျင်စလို အပြေးအလွှား ထွက်ရာ ရေစိုနေသော ကော်ရစ်ဒါ အရောက် စီးထားသော ဖိနပ်ချော်ကာ ကြမ်းပြင်တွင် ဗိုင်းကနဲ ဖင်ထိုင်လျက် ကျ၏။ အမှတ်မထင် အဖြစ်အပျက်ကြောင့် အခန်းတွင်း စာသင်နေသော ကျောင်းသားများလည်း မတိုင်ပင်ပါဘဲ ၀ါးကနဲ ရယ်မိကြ၏။ သို့ရာတွင် ရှက်သွားသော ကျောင်းသူကို လှမ်းကြည့်ပြီး ဆရာမမှ အခန်းတွင်းရှိ ကျောင်းသားများကို လှမ်းဟန့်၏။

"ဟဲ့ ကျောင်းသားတွေ မင်းတို့တွေ သူတပါး ဒုက္ခရောက်တာ ကူမယ်မကြံဘူး ထရယ်ကြတယ်။ မင်းတို့တွေ လူမှုရေး နားမလည်ကြဘူးလားကွ"

ထိုစဉ် နောက်ခုံတန်းတွင် ထိုင်သော ကျောင်းသား တစ်ယောက်မှ ခပ်တိုးတိုး ပြောလိုက်သော စကားကြောင့် ဆူမည် ကြံသော ဆရာမပင် ဆက်ဆူရန် မေ့ပြီး ပြုံးသွားရသော ဟူ၏။

"ဆရာမကလည်း ဒီလူမှုရေး နားမလည်တာပဲ လာပြောနေတယ်။ နားမလည်လို့ အမှတ် ၄၀ အတိနဲ့ အောင်လို့ ရိုးရိုး တက္ကသိုလ် ရောက်တာပေါ့။ လူမှုရေးသာ အမှတ်များရင် အင်ဂျင်နီယာ၊ ဆရာဝန် တက္ကသိုလ်တွေ ရောက်မှာပေါ့။"

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

"ဟာသ"(Sharing)


ကိုချက်ကြီး ကယ်ပါလိမ့်မယ်

လောကမှာ အမှတ်မထင်တာတွေလည်း ဖြစ်လာတတ်တဲ့ သဘောရှိတယ်။ ဒါတွေကို စိတ်သက်သာ ရရာရကြောင်း အားပေးစကားတစ်ခွန်းကတော့ "ကိုချက်ကြီး ကယ်ပါလိမ့်မယ်"လို့ ပြောစမှတ်ပြုကြတဲ့ ဖြစ်ရပ်တစ်ခု သရက်ရိုးရွာ မှာဖြစ်ခဲ့ဘူး ပါတယ်။
ရွှာဦးကျောင်းမှာ ဆရာတော်ကြီးနဲ့အတူ ဦးဇင်ကြီး ဦးဝါယမနဲ့ ကိုရင်သုံးပါး သီးတင်းသုံး နေထိုင်ကြပါတယ်။ ဦးဇင်းကြီး ကိုတော့ လူ့ဘ၀ နာမည် အတိုင်း "ဦးဝကြီး" လို့ပဲ ခေါ်ကြတယ်။ ဆရာတော်ကြီးနဲ့ တူဝရီးတော်သူပါ။ တရားစခန်းမှာ ဒုလ္လဘမဲပေါက်လို့ သင်္ကန်းစီးဖြစ်သွားတဲ့ တောထွက်ကြီးပါ။ သားသမီး တွေကလည်း အဝေးမှာမို့ ဆရာတော်ကြီးက လူမထွက်နဲ့လို့ တားတာနဲ့ ငါးဝါတောင်ရနေပါပြီ။ အသက်တော့ ငါးဆယ်ကျော်ပေါ့။ ငယ်စဉ်က ဘုန်းကြီးကျောင်းမှာ နေခဲ့ရလို့ ပရိတ်ကြီး ၁၁ သုတ်၊ သီလပေး၊ ရေစက်ချ တရားတွေကို အလွတ်ရ နေပါတယ်။ ပရိတ်သတ်ရှေ့ရောက်ရင် မေ့တတ်လို့ ဦးဇင်းကြီးကို သီလပေးတာတို့ တရားဟောတာတို့ မခိုင်း ပါဘူး။ ကျောင်းရဲ့ဝေယျာဝေစ္စကိုတော့ ဆရာတော် ပြန်ကြည့်စရာ မလိုအောင် ဆောင်ရွက် ပေးပါတယ်။
တစ်နေ့တော့ ဆရာတော်ကြီး အလှူကိစ္စနဲ့ မြို့ကိုကြွသွားတယ်။ တစ်ညအိပ်ပါ။ အဲ့ဒီညမှာ ရွာက ကိုငှက်ရိုးရဲ့သား ခြောက်လသား ဆုံးပါတယ် ညနေ ၆ နာရီ လောက်ဆိုတော့ ရပ်ရွာဓလေ့ ထုံးစံအရ ကလေး အသုဘကို ကျောပူအောင် မထားရလေတော့ ချက်ချင်း စီမံကြရတာပေါ့။ ကျောင်းကို ဘုန်းကြီး သွားပင့်တဲ့အခါ ဆရာတော်ကြီး မရှိတာနဲ့ ဦးဇင်းဝကြီးပဲ လိုက်လာရတယ်။ ပရိတ်သိပ်မရှိပါဘူးလို့ တောင်း တောင်းပန်ပန် နဲ့ပင့်ရတာ။
သုဿာန်ဇရပ်ပေါ်လို့ သီလပေးတဲ့အခါမှာတော့ ရှောရှောရှူရှူ။ အဲရေစက်ချ အမျှဝေတဲ့အခါမှာတော့ ဘယ်လို ဖြစ်လာသလဲမသိဘူး၊ အဆုံးသတ်လို့ မရနိုင်အောင် လည်နေတယ်။ အချိန်ကလည်း မှောင်ရီ ပျိုးစဖြစ်လာပြီ။ ဦးဇင်းကြီးမှာ လည်းသူ့တရားကို အဆုံးမသတ်နိုင်လို့ ချွေးပြန်နေပြီ။ ဒီမှာ တင်တရားနာ ပရိတ်သတ်ထဲက ကိုချက်ကြီးဆိုသူ ကထပြီး ... "ဦးဇင်းဝကြီးရဲ့ ရေစက်ချ တရားနားလည် နေပါသဖြင့် အဆုံး သတ်လို့ မရနိုင် ဖြစ်နေပါတယ်၊ ကျွန်တော်ကပဲ့ အဆုံးသတ်ပေး လိုက်ပါတယ်၊ ကဲ ..... ကဲ ...... အားလုံး အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့ "
လို့ထပြီး ပြောလိုက်တယ်၊ အားလုံးက "သာဓု ... သာဓု ... သာဓု" သုံးကြိမ်ဆို လိုက်ကြပြီး အဆုံးသတ်သွား တယ်။ အဲ့ဒီတော့မှ ဦးဇင်းဝကြီးရဲ့ ရင်ထဲက အလုံးကြီးလည်း ကျသွားတော့တယ်။
"ဒကာချက်ကြီးတို့ကတော့ တော်ချက်ကွာ၊ မင်းဝင်ကယ်လို့ပေါ့ကွာ၊ နို့မဟုတ်ရင် ငါ့တရားကို ဘယ်လို ချရမှန်း(ဆုံးရမှန်း) မသိတော့ဘူးလို့ " မိန့်လိုက်တဲ့အခါ ပရိတ်သတ်တွေလည်း ငိုအားထက် ရယ်အား သန် ဖြစ်ကြရတယ်။
အဲဒီအကြောင်းကို ရွာထဲမှာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြန်သွားပါလေရော။ တစ်ဦးတစ်ယောက်မှာ အခက်အခဲ အကျပ်အတည်း ကြုံလာကြတဲ့အခါ သိပ်ပြီး စိတ်ပူပန်မှုမဖြစ်ဘို့ ဖြေရှင်းနိုင်မယ့် အခြေအနေမျိုး ဖြစ် လာပါလိမ့်မယ်။ အားပေးစကား ပြောကြတဲ့အခါ ဦးဇင်းဝကြီးရဲ့ ဖြစ်ရပ်ကို နမူနာပေးပြီး "ကိုချက်ကြီး ကယ်ပါ လိမ့်မယ်ကွာ" ဆိုတဲ့ အားပေးစကား တစ်ခွန်းတော့ သရက်ရိုးရွာမှာ ပြောစမှတ် ဖြစ်နေပါတယ်။




K.M အေး(ကျုံပျော်)
source: the creative journal

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, October 3, 2009

Change Player Size Watch this video in a new windowGinra

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မဟာနွယ် (၀င်းကိုခိုင်)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဗုဒ္ဓဘာသာဆိုတာဘာလဲ(၂)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဗုဒ္ဓဘာသာဆိုတာဘာလဲ(၁)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

gmail password လဲထားသူများသတိထား


အခုတလော အီးမေးလ်သုံးတာနဲ့ ပတ်သတ်ပြီး အဆင်မပြေတဲ့ကိစ္စလေးတွေ တချို့ကို ကိုယ်တိုင်လည်း မကြာခဏကြုံနေရသလို အပေါင်းအသင်းမိတ်ဆွေတွေဆီကလည်း ကြားနေရတာလေးတွေ ရှိပါတယ်။ ဒီအခက်အခဲကတော့ နည်းပညာ အခက်အခဲကြောင့် မဟုတ်ဘဲ လူကြောင့်ဖြစ်တဲ့ အခက်အခဲပါ။ ကျွန်တော့်အနေနဲ့ Gmail ရဲ့ Facility တစ်ခုဖြစ်တဲ့ Gtalk မှာကြုံနေရတာက ကိုယ့်သူငယ်ချင်းရဲ့ Gtalk လိပ်စာက Onlineဖြစ်နေလို့
သွားပြီးနှုတ်ဆက်ရင်၊ စကားပြောရင် သူတို့ကိုယ်တိုင်မဟုတ်ဘဲ သူတို့နဲ့သက်ဆိုင်သူတွေနဲ့ မကြာခဏ တိုးနေတတ်ပါတယ်။ တခါတလေ အရေးကြီးတဲ့ကိစ္စ ပြောစရာရှိပေမယ့် ကိုယ်ပြောတဲ့သူက ကာယကံရှင်ဟုတ်၊ မဟုတ် မသေချုာသလို ကာယကံရှင်ကရော သူမဟုတ်တဲ့ သူနဲ့ ပတ်သတ်တဲ့သူကို သိစေချင်လား၊ မသိစေချင်လား စသည်ဖြင့် အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ တခါတလေ သူငယ်ချင်းအချင်းချင်း လွတ်လွတ်လပ်လပ် chatting လုပ်ထားတာတွေကို သူ့ကောင်မလေးက ၀င်ဖတ်ပြီး ပြသနာရှာလို့ သူတို့ချင်း အချင်းများတာတွေလည်း ကြုံနေရ၊ ကြားနေရတာတွေလည်း ရှိပါတယ်။
ဒါနဲ့ပတ်သတ်လို့ ကျွန်တော့်အသိမိတ်ဆွေထဲမှာ ကံမကောင်းစွာနဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရတာတွေ သင်ခန်းစာယူစရာလေးတစ်ခု ပြန်ပြီးမျှဝေပါရစေ။ ကျွန်တော့မိတ်ဆွေ ကောင်မလေးတစ်ယောက်က ချစ်သူရလာပါတယ်။ နောက်တော့ လက်ထပ်ဖို့ အထိ ရည်ရွယ်ထားလို့ မိဘတွေ သဘောတူညီမှုနဲ့ စေ့စပ်ပွဲတွေ ဘာတွေတောင် လုပ်ခဲ့ကြပါသေးတယ်။ ကောင်မလေးက သူ့ရဲ့ gmail password ပေးလိုက်ပြီး သူ့ကောင်လေးနဲ့ သူတို့နှစ်ယောက် မျှသုံးထားတာလည်း နောက်ပိုင်းတော့ သိလာရပါတယ်။
ဖြစ်ချင်တော့ တိုတိုပြောရရင် အကြောင်းမလှစွာနဲ့ဘဲ စေ့စပ်ပြီး သိပ်မကြာခင်မှာပဲ လမ်းခွဲဖို့အထိ ဖြစ်လာပြီးတော့ လမ်းခွဲလိုက်ကြပါလေရော။ လူနှစ်ယောက်အဆင်မပြေလို့ လမ်းခွဲတာ ပျော်စရာမဟုတ်ပေမယ့် လက်မထပ်ခင်ဆိုတော့ တော်သေးတယ် ဆိုတဲ့ အသိလေးတစ်ခုနဲ့ပဲ ဖြေသိမ့်ကြပေမယ့် ပြသနာက ဒီမှာပဲ ရပ်မသွားခဲ့ပါဘူး။
ကိုရွှေသကောင့်သားက သူ့ကောင်မလေးရဲ့ gmail password ကိုပြောင်းလိုက်ပြီးတော့ ကောင်မလေးနဲ့ သူနဲ့ ပတ်သတ်ခဲ့တဲ့ ကိစ္စတွေကို ကောင်မလေးရဲ့ မိတ်ဆွေအသိုက်အ၀န်းတွေ အပါအ၀င် ပို့ချင်တဲ့သူတွေဆီကို လိုက်ပို့ပါတော့ တယ်။ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးက ပထမပိုင်းတော့ ၀င်လာတဲ့ အီးမေးလ်တွေအရ ကောင်မလေးပို့တယ်လို့ ထင်ကြတာပေါ့။ ပိုဆိုးတာက သူတို့နှစ်ယောက်ထဲ ပတ်သတ်ခဲ့တဲ့ တကယ့်ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကောင်မလေး အသိုက်အ၀န်းမှာ၊ ကောင်မလေးအီးမေးလ်ထဲမှာ ရှိတဲ့ လိပ်စာတွေအားလုံးကို အဲဒီကောင်လေးက ပုံမှန်ပို့ပေးနေတော့တာပါပဲ။ နှစ်ကိုယ်တူချစ်ခဲ့တုန်းက ကိုယ်ရေးကိုယ်တာ chatting လုပ်ခဲ့တဲ့ အကြောင်းအရာတွေက သူတို့နှစ်ယောက်စလုံးအတွက် (အဲဒီအချိန်က) ချစ်စရာကောင်းတဲ့ ကိစ္စ ဖြစ်နိုင်ပေမယ့် အဲဒီ chatting ကို သူတို့ မချစ်နိုင်တော့တဲ့အချိန်မှာ တခြားသူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ဖြန့်တဲ့အခါကြတော့ ကာယကံရှင်မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အတော်လေး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပါတယ်။
Password ကလည်း ပြောင်းထားတော့ ကောင်မလေးခမျာ သူသုံးနေကြ သူနာမည်ပါတဲ့ အီးမေးလ် Account ကိုသူပြန်ပြီး ဖွင့်လို့မရတော့တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ အဆိုးဆုံးကတော့ သူရည်းစားဟောင်းကလည်း နိုင်ငံခြားမှာ သွားနေတဲ့သူဆိုတော့ ဥပဒေအကြောင်းအရရော လူမှုရေးအရရော ဘာမှလိုက်လုပ်လို့ မရတဲ့ အခြေအနေဖြစ်နေတော့တာပေါ့။ အဲဒီမှာ တစ်ခါထပ်ပြီး မိတ်ဆွေသူငယ်ချင်းတွေက ပုံစံအမျိုးမျိုးနဲ့ မေးတဲ့မေးခွန်းတွေကိုလည်း ဒီအီးမေးလ်တွေဟာ သူပို့တာမဟုတ်ပါဘူး၊ သူနဲ့မဆိုင်ပါဘူးလို့ ဆိုပြီး နေ့စဉ်နီးပါးဒိုင်ခံရှင်းနေရပေမယ့် ပို့တဲ့သူက သူနဲ့စေ့စပ်ထားဖူးခဲ့တဲ့သူ ဖြစ်ခဲ့တာကို သိထားကြတော့ ပိုဆိုးတာပေါ့။ မိတ်ဆွေ အပေါင်းအသင်းတွေ အနေနဲ့လည်း စိတ်မကောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြပါဘူး။
တကယ်တော့ Password ပေးသုံးတဲ့ အများဆုံးသော ရည်ရွယ်ချက်ကတော့ ကိုယ်ကနေပြီးတော့ အခြားတစ်ယောက်ကို ယုံကြည်တယ်ဆိုတာကို ပြချင်တာပါပဲ။ ကိုယ်ချစ်တဲ့သူကို စိတ်ချလို့၊ ယုံကြည်လို့ဆိုတာ ကိုယ်ပဲသိတဲ့ လျှို့ ၀ှက်ချက်နဲ့မှ သိခွင့်ရတဲ့ ကိုယ်ရေးကိုယ်တာကို ပေးသိတာပါ။ တချိန်ထဲမှာပဲ ကိုယ့်အနေနဲ့ ဘယ်လောက် အရှုပ်အရှင်းကင်းတယ်၊ တစ်ဖက်လူအပေါ်မှာ ဘယ်လောက်ရိုးသားတယ်ဆိုတာကို သက်သေပြချင်တာတွေလည်း ပါပါတယ်။ တနည်းအားဖြင့် တစ်ဖက်သားကို ကိုယ့်ကို ယုံကြည်စေချင်တဲ့အတွက် ကိုယ်ကယုံကြည်ရတဲ့ အခြေအနေရှိနေပါတယ် ဆိုတာကို သိစေဖို့လို့ ကိုယ့်ရဲ့လျှို့ ၀ှက်ရမဲ့ Password ကို ပေးသိပြီး အီးမေးလ်ကို ပေးသုံးတာပါ။
ဒီနေရာမှာ အားမနာတမ်း စဉ်းစားဖို့ကောင်းတာက လူနှစ်ယောက်ဘယ်လောက်အတိုင်းအတာထိ ရည်ရွယ်ပြီး ရင်းနှီးရင်းနှီး တကယ်တမ်းကြတော့ သူစိမ်းတွေချည်းပါပဲ။ လင်ရယ်၊ မယားရယ် ဖြစ်လာရင်တောင်မှ သူစိမ်းတွေပါပဲ။ အရင်းနှီးဆုံးသူစိမ်း လို့တော့ပြောလို့ရတာပေါ့။ သို့ပေမယ့် အရင်းနှီးဆုံးသူစိမ်းတွေကို ရင်းနှီးနေတဲ့အချိန်မှာ ဘာပြသနာမှ မရှိပေမယ့် အကြောင်းကြောင်းကြောင့် ဆက်ပြီးမရင်းနှီးနိုင်တဲ့အခါမှာတော့ သာမန်သူစိမ်းတွေလို ပြန်ဖြစ်နိုင်ခဲလှပါတယ်။ ဒီတော့ အရင်းနှီးဆုံးလည်း မဟုတ်တော့တဲ့ သာမန်လိုလည်း ပြန်မဖြစ်နိုင်တော့တဲ့ ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်းကိုယ်သိနေတဲ့ သူစိမ်းနှစ်ယောက်အနေနဲ့ ရှေ့ဆက်မပတ်သတ်တော့ရင် ပြသနာမရှိပေမယ့် စေတနာဆိုးတွေနဲ့ တနည်းမဟုတ်တနည်း လိုက်ပတ်သတ်တယ်ဆိုရင်တော့ ပတ်သတ်သူရော၊ ပတ်သတ်ခံရသူရော နစ်နာမှုတွေရှိလာပါတယ်။
ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာ အကြောင်းတစ်ခုက ဆိုခဲ့သလိုပဲ ယုံကြည်မှုရှိစေချင်လို့လုပ်ခဲ့ရာကနေ ဖြစ်လာတဲ့ ယုံကြည်မှုအလွဲသုံးစားလုပ်ခံရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါ။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ်နဲ့အရင်းနီးဆုံးသူကိုတောင် မယုံရတော့ဘူးလား၊ မယုံဘူးဆိုရင်ကော သူနဲ့ကိုယ်နဲ့ရှိနေတဲ့ကြားထဲက ချစ်ခြင်းမေတ္တာကကော ဘယ်လောက်အထိ အဓိပါယ်ရှိလို့လဲ။ အရင်းနှီးဆုံးသူ(ကိုယ့်ချစ်သူ)ကကော ကိုယ့်ကို ဒီလိုလုပ်ပါ့မလား စသဖြင့် တွေးစရာတွေ ရှိလာပါတယ်။
ဒီနေရာမှာ ပရိုက်ဗေစီ လို့ခေါ်တဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သတ်လို့စဉ်းစာစရာတွေ အများကြီးရှိလာပါတယ်။ လူနှစ်ယောက်ပတ်သတ်လို့ ဘယ်လောက်ပဲရင်းနှီးရင်းနှီး သူစိမ်းတွေဖြစ်လို့ လူတိုင်းမှာ သူတို့နဲ့ပတ်သတ်တဲ့ ပရိုက်ဗေစီဆိုတာ ရှိကြစမြဲပါ။ ခက်တာက လူဆိုတာ ဘယ်လောက်ပဲ အသိုက်အ၀န်းနဲ့နေနေ ကိုယ့်ကိုနားလည်ပေးမဲ့သူ၊ ယုံကြည်ရတဲ့သူတွေ ဘယ်လောက်ပဲရှိရှိ ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ အခြေအနေမျိုး၊ တစ်ယောက်တည်းပဲ ရင်ဆိုင်ဖြေရှင်းရတဲ့ အခြေအနေမျိုးကို အခါများစွာ ကြုံတွေ့ရပါတယ်။ ဒါကြောင့်လည်း လူတိုင်းမှာ ပရိုက်ဗေစီ ရှိကြသလို လူနှစ်ယောက် ပတ်သတ်တဲ့အခါမှာလည်း ဒါကိုလေးလေးစားစားနဲ့ အသိအမှတ်ပြုဖို့လည်း လိုပါတယ်။
ကျွန်တော်တို့ လူငယ်သမီးရည်းစားတွေအနေနဲ့ အချင်းချင်း ယုံကြည်မှုရှိလို့ ပတ်သတ်ကြတာမှန်ပေမယ့် အဲဒီယုံကြည်မှုမှာ လေးစားမှုကို အခြေခံဖို့လိုပါတယ်။ ကိုယ်ကချစ်လို့ ယုံကြည်တယ်ဆိုပေမယ့် အဲဒီယုံကြည်မှုဟာ လေးစားမှုမရှိရင် အခြေအနေပေါ် လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ တနည်းပြောရရင် ရင့်ကျက်မှုမရှိတဲ့ လေးစားမှုဟာ ပြည့်ဝတဲ့ယုံကြည်မှုကို မတည်ဆောက်နိုင်ပါဘူး။ မပြည့်ဝတဲ့ ယုံကြည်မှုဟာ အယုံလွယ်တဲ့ ကာယကံရှင်တွေကို အန္တရယ်ပေးနိုင်သလို နားလည်မှုရှိတဲ့ ဆက်ဆံရေးကို မထူထောင်နိုင်ပါဘူး။
ကျွန်တော့်အနေနဲ့ကတော့ အီးမေးလ် လိပ်စာဆိုတာစာ လက်ကိုင်ဖုန်းလို မျှသုံးလို့ ကောင်းတဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး ထင်ပါတယ်။ ပညာရေးအရပဲဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် နေ့စဉ်ဘ၀မှာ သုံးနေသမျှသော အီးမေးလ်တွေဟာ ကိုယ့်ရဲ့ကိုယ်ပွား၊ ကိုယ့်ကို ကိုယ်စားပြုနေတဲ့ Identify ဖြစ်နေတယ်ဆိုတာကို သိထားသင့်ပါတယ်။
မဟော်သဓာဇာတ်တော်ထဲမှာ မဟော်သဓာနဲ့ သူ့ရဲ့ ပြိုင်ဘက် ပညာရှိအမတ်ကြီးလေးယောက်ကို အခါတပါးမှာ ပြည့်ရှင်ဝိဒေဟရာဇ် မင်းကြီးက မေးခွန်းတစ်ခုမေးပါတယ်။ ကိုယ်နဲ့ဆိုင်တဲ့ လျှို့ဝှက်အပ်တဲ့အရာကို ဘယ်သူ့ကို ပြောသင့်သလဲဆိုတဲ့ မေးခွန်းပါ။ အခြားပညာရှိအမတ်ကြီးတွေကတော့ အမျိုးမျိုးသော သူတို့နဲ့ အရင်းနှီးဆုံးဖြစ်တဲ့သူတွေကို ပြောပြသင့်တယ်လို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် မဟော်သဓာကတော့ ဘယ်သူ့ကိုမှ မပြောပြသင့်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ နောက်ဆုံးဇာတ်ပေါင်းတော့ လျှို့ ၀ှက်ချက်တွေကို ပြောပြမိခဲ့တဲ့ ပညာရှိအမတ်ကြီးတွေ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ပြီးတော့ ဇာတ်သိမ်းသွားခဲ့ရပါတယ်။
ကျွန်တော်တို့ လူငယ်များလည်း ဇာတ်သိမ်းမလှ မဖြစ်ဖို့အတွက် လျှို့ဝှက်ရမယ့်ကိစ္စကို လျှို့ဝှက်ထားပြီး မိမိကိုယ်ရော သူတစ်ပါး ပရိုက်ဗေစီကို လေးလေးစားစားနဲ့ အသိအမှတ်ပြုနိုင်အောင် ကြိုးစားရင်း အီးမေးလ်ဒုက္ခသည်များအဖြစ်မှ ကင်းဝေးနိုင်ပါစေကြောင်း ရိုးသားစွာဆန္ဒပြုရင်............။ ။

March လထုတ် teen Magazineမှ သူရိန်ငယ်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အိန္ဒိယတွင် ရာနှင့်ချီသော ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းဥများ တွေ့ရှိ


ဘူမိဗေဒ ပညာရှင်များသည် နှစ် 65 သန်း ခန့် ရှိမည်ဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်ရှိနေသော ဒိုင်နာစော ဥ များကို အစုအဝေးအလိုက် တွေ့ရှိခဲ့သည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်ရှိ ရွာလေး တစ်ရွာတွင် ဖြစ်တည်ခဲ့သော ယင်း ရှာဖွေတွေ့ရှိမှုသည် ဒိုင်နိုစောများ မည်သို့မည်ပုံ မျိုးတုန်းပျောက်ကွယ်

သွားသည်ကို ဆိုသော လျှို့ဝှက်ဆန်းကျယ်မှုကို ကူညီပြီး ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

သူတို့သည် လုံးဝန်းသော ဒိုင်နိုစော ဥများနှင့် ခန္တာကိုယ်အစိတ်အပိုင်းများကို အလွှာလိုက်တွေ့ရှိခဲ့ပြီး အစုအဝေးတစ်ခုစီတွင် ဥ ရှစ်လုံးစီပါဝင်သည် ဟု Periyar

တက္ကသိုလ်မှ လေ့လာရေးအဖွဲ့ကို ဦးဆောင်သူ မစ္စတာ Ramkumar က ပြောကြားခဲ့သည်။

ဥများ၏ အရွယ်အစားမှ အချင်း ၅ လက်မ မှ ၈ လက်မ အထိ ရှိပြီး သဲပြင်ပေါ်တွင် တည်ရှိသော အသိုက်များမှာ ၄ ပေ ခန့် ရှိသည်။ အိန္ဒိယနှင့် ဂျာမာန် သိပ္ပံဆိုင်ရာ

အဖွဲ့အစည်းတစ်ခုမှ ငွေကြေးထောက်ပံမှု နှင့် ပြုလုပ်နေသော လေ့လာမှုတစ်ခုအတွင်းတွင် ယင်း ဒိုင်နာစော ဥများ အစုအဝေးကို တွေ့ရှိရခြင်း ဖြစ်သည်။

ယင်း ဒိုင်နာစော ဥ များ အစုအဝေး ကို Deccan Plateau ရှိ မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ပြာများအောက်တွင် တွေ့ရှိရခြင်းဖြစ်သောကြောင့်

မီးတောင် ပေါက်ကွဲမှုများနှင့် ဆက်စပ်ပြီး ဒိုင်နာစောများ မျိုးတုန်းပျောက်ကွယ်မှု ဖြစ်ပေါ်နိုင်သည်ဟု ဆိုကြသည်။

ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေသော ဒိုင်နာစော ဥများ၊ အညစ်အကြေးများ နှင့် ဒိုင်နာစော ရုပ်ကြွင်း အရိုးစုများ ပါဝင်သည့် ဒိုင်နာစော အသိုက်များကိုCauvery မြစ်

ရေနက်ပိုင်း သို့ စီးဝင်သော ချောင်း များ၏ အောက်ခြေနှင့် ကမ်းပါး တစ်လျှောက်တွင် တွေ့ရှိရခြင်း ဖြစ်သည်။ ကွဲပြားခြားနားတဲ့ ဘူမိဗေဒဆိုင်ရာ သွင်ပြင်

အဆင်အတန်းမှာ ဒိုင်နာစော ဥပေါင်းများစွာ သားမပေါက်နိုင်တဲ့ အဖြစ်ဟာ ဒိုင်နိုဆောတွေဟာ ဥတွေကို အသိုက်နေရာတစ်ခုတည်းမှာ ပြန်လည် သိမ်းဆည်းထားတက်

တယ်ဆိုတာကို ရည်ညွန်းနေပါတယ် လို့ လေ့လာရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ Anbarasu က ဟိန္ဒူသတင်းစာ သို့ ပြောကြားခဲ့သည်။ ဒိုင်နိုစော ဥခွံများကို

1859 ခုနှစ်က ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့သည်။ ထို့နောက် သိပ်မကြာခင် နှစ်များအတွင်း ကမ္ဘာအနှံ နေရာပေါင်း 200 ခန့်မှ ဥ ထောင်ပေါင်း

များစွာကို တွေ့ရှိရခဲ့သည်။ ယင်းကဲ့သို့ တွေ့ရှိရသော ဥများထဲမှ အများစု အာရှတိုက် ဒေသများမှ ဖြစ်သည်။

ယင်း ဒိုင်နာစော ဥများ ကို ရှာဖွေတွေ့ရှိသော လေ့လာရေးသမားများသည် ကျောက်ဖြစ်ရုပ်ကြွင်းသူခိုးများရောက်ရှိလာမည် စိုးသောကြောင့် ပြည်တွင်းအစိုးရအား

အိန္ဒိယနိုင်ငံတောင်ပိုင်းကို လုံခြုံရေးအတွက် ပိတ်ဆို့ပေးရန် တောင်းဆိုထားကြသည်။ Source ; Daily Mail

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, October 2, 2009

စုမိသမျှစာအုပ်များ

စာအုပ်များ (ကလစ်ရန်)
►၂၀ ရာစု၏နာမည်ကျော်ပုဂ္ဂိုလ်ကြီးများ
►Learning-Web-Design လက်တွေ့ သင်င်္ခန်းစာများ
►ရတနာ့ဂုဏ်ရည်(အရှင်ဇနကာဘိဝံသ)
►အရှုံးမရှိတဲ့ဒဿန(မေတ္တာရှင်)
►၃ရ မင်း(ဦးဖိုးကျား)
►အင်္ဂလိပ်အသံထွက်ကိစ္စ(မောင်ဒီ)
►ကန့် ကူလက်လှည့်(အောင်သင်း)

►ကိုအေးငြိမ်း၏အနာဂါတ်တစ်ခုကိုဖန်တီးတည်ဆောက်ခြင်း(စင်္ကာပူသွားလိုသူများနှင့်နေသူများအတွက်)

►ကမ္ဘာ့စကားပုံထဲကမိန်းမသား(ညီသစ်)
►စာဖတ်ကျွမ်းခြင်းဖြင့်ဘ၀တိုးတက်ရေး(ဇင်သန့် )
►ကိုယ်ကျင့်အဘိဓမ္မာ(အရှင်ဇနကာဘိဝံသ)
►ပဌာန်းပစ္စယနိဒ္ဒေသပါဠိတော်တပါတ်အတွင်းအလွတ်ကျတ်မှတ်နည်း
►ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်းအခြေခံသဘောတရားများ(မျိုးသူရ)
►ဗိုလ်ချုပ်အောင်ဆန်းကဗျာများ(၁၉၆၄)
►ကလေးပြဿနာ(ပါရဂူ)
►Gmail အတွက်အစွမ်းထက်နည်း[၈၀](ဇေယျာစံ)
►ဘလော့အချက်အလက်စာအုပ်(မောင်စေတနာ)
►Web Design လက်တွေ့ သင်ခန်းစာများ(ဦးသောင်းဝင်း၊ပန်းချယ်ရီ)
►မြန်မာဘလော့ဂ်လုပ်နည်း(ညီလင်းဆက်)
►ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ(ဆန်းလွင်)
►လူငယ်နှင့်အချစ်(လူထုစိန်ဝင်း)
►အနောက်တိုင်းမှနူတ်သီးကောင်းလျှာပါးတို့ ၏အဆိုများ(အငြိမ်းစားသံအမတ်ကြီးဦးသက်ထွန်း)
►၀ိတိုရိယနဲ့ အဲလဗက်ပြတိုက်မှာရှိတဲ့မြန်မာ့အနုပညာလက်ရာပစ္စည်း(Dr သန်းထွန်း)
►ရှက်စိတ်(လူထုစိန်ဝင်း)
►ပညာရဲ့ သဘော(တက္ကသိုလ် ဘုန်းနိုင်)
►လူငယ်တို့ ရဲ့အားစမ်းမှု့ (အောင်သင်း)
►၂၀၀၉.ဗေဒင်
►ပါဠိဖတ်နည်း
►photo shop ဆိုင်ရာစာအုပ်
►ဘလောဂ့်လုပ်နည်း
►chrome g talk ဗိုင်းရပ်သတ်နည်း
►၀င်းဒိုးတင်နည်းစာအုပ်(မြန်မာလို)
►မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
►မြန်မာစာမြန်မာစကား

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သီတင်းကျွတ်မှာလွမ်းမိတယ်


"...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။"

သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင်
သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။

ရာသီခွင်မှာ
တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။

ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌
`သန္တူလ´ ဟု
ရေးထိုးကြသည် ။

ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော
မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ
သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်
ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ
အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို
ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို
ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက်
လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊
ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂
ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး
ပွဲတော်စတင်ကျင်းပခဲ့သည်. အစဉ်အလာမှာ---
ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်
အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ
နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ
နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ
တရားတော်မြတ်ကို ဟောကြားတော်မူသည် ။
သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ
ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊
ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ
့ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က
မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း
များဖြင့် ကပ်လှူပူဇော်ကြသည် ။

တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ
စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍
ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို
အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌
နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။

ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်
အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင်
ငယ်သူ ၊နိမ့်ကျ သူတို့ က
ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း
ဝါကျွတ်သော အချိန်
ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့်
သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။

ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏
တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော
၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏
ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို
မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ---
သီတင်းကျွတ် လပြည့်နေ့မှာ အဝေး ကနေပဲ မိဘ နှစ်ပါးကို မျော်မှန်းပြီး ကန်တော့ လိုက်ပါတယ် ..

သီတင်းကျွတ်အလွမ်းပြေပေါ့။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Design By

free skin 4 MM