Monday, October 5, 2009

ကင်ဆာဘေးအန္တရာယ်မှကာကွယ်နည်းများ


လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် သူ့နေရာနှင့်သူအရေးပါသည်။ အရေးအကြီးဆုံးအပိုင်းကိုကြည့် လျှင်လူ၏ဦးနှောက်ပင်ဖြစ်သည်။ သည်ဦးနှောက်ဖြင့် စဉ်းစား၊ ဆင်ခြင်၊ သုံးသပ်၍ဖန်တီးလုပ်ကိုင်နိုင်သည်မှာ မျက်မြင်ထင်ရှားပင်ဖြစ်သည်။

လူများနေ့စဉ် သွားလာ၊ လည်ပတ်၊ လှူပ်ရှားနေသောအချိန်တွင် မိမိဦးနှောက်သည် မည်မျှအရေးပါသလဲဆိုတာစဉ်းစား
ချင်မှစဉ်းစားမိလိပ့်မည်။ သို့သော် နာမကျန်း၍ခန္ဓာကိုယ်
ချို့ယွင်းသောအချိန်တွင် ယခင်သန်သန် မာမာလှူပ်ရှားခဲ့သောခန္ဓာကိုယ်၊ အဆန်းအသစ်များစွာ တီထွင်နိုင်ခဲ့သောဦးနှောက်၏ တန်ဘိုးတို့ကို ထင်ထင်ရှားရှားကြီးကို သတိရမိလိုက်မည်။

ယခင်ဒိုင်နိုဆောပမာကြီးမားခဲ့သောထိုဦးနှောက်သည် အိုမင်းသောအခါတွင်၎င်း၊ ခန္ဓာကိုယ်ချို့ တဲ့သောအခါတွင်၎င်း၊ ဒိုင်နိုဆောကြီးကို ဘိုင်းကနဲနေအောင် လှဲချလိုက်
တာနဲ့တူနေပါသည်။

လူတွေထံအမှတ်မထင်လာရောက်ပြီး အချိန်တိုလေးမှာ ထိုသူ၏အသက်ကိုအလွယ်တကူနှူတ်ယူသွားတတ်တဲ့ ဧည့်သည်ကတော့ Cancer ဖြစ်ပါသည်။

Just me ခင်မင်သော မိတ်ဆွေစာဖတ်သူများအား မလိုလားအပ်သောထို ဧည့်သည်၏ဘေးအန္တရာယ်မှကင်းဝေးကြစေရန် Cancer ကာကွယ်နည်းများကိုတင်ပြလိုက်ပါသည်။

1. သွားတိုက်ပါ
နှံ့နှံ့စပ်စပ်သေသေချာချာသွားတိုက်ခြင်းဟာ ပန်ခရိယကင်ဆာကိုကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သွား သေသေချာချာ မတိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွားဖုံးရောဂါဟာ ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို၆၃% တိုးစေပါတယ်။

2. လက်ဖက်ရည်ကြမ်းသောက်ပါ
လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော အင်တီအောက်ဆီဒင့်သည် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိသည်။ လက် ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသဲကင်ဆာတို့ ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်သည်။ တစ်နေ့နှစ် ခွက်သောက်ခြင်းဖြင့် အစာခြေအစိတ်အပိုင်း ကင်ဆာ၏ အန္တရာယ်ကို ၃၂% လျှော့ချပေးနိုင်စွမ်းရှိသည်။ တစ်နေ့လျှင် ၅ခွက်ထက်မနည်း သုံးဆောင်သော ယောက်ျား သားများအဖို့ဆီးကျိတ်ကင်ဆာအန္တရာယ်ကို ထက်ဝက်လျှော့ချပေးနိုင်စွမ်းရှိသည်။

3. အကိုက်အခဲပျောက်ဆေးမှီဝဲပါ
တစ်ပဲနီ့စာမျှသော အကိုက်အခဲပျောက်ဆေးမှီဝဲခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၀% လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားကင်ဆာ၊ Colorectal ကင်ဆာ ရင်သားအကျိတ်တို့ကို ဖြစ်ပွားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

4. အသီးအနှံအစိမ်းစားပါ
ရပ်စ်ဗယ်ရီသီး၊ မုန်လာဥ၊ ဘလူးဘယ်ရီသီး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းအစရှိသည့် အစိမ်းစားအသီးအနှံများကို တစ် နေ့စားသုံးသည့် ပမာဏ၏ တ၀က်မျှ စားသုံးပေးပါ။

5. ကားမီးခိုးငွေ့တွေကိုရှောင်ပါ
အကာအကွယ်မရှိ ကားမီးခိုးငွေ့ထူထပ်ရာနေရာသို့ သွားခြင်းသည် လူ၏ DNAကို ပျက်ဆီးစေပြီး ကင်ဆာ ရောဂါဖြစ်စေသည့် အလားအလာရှိသည်။ လေ့လာချက်အရ မြို့နေအမျိုးသမီးများသည် ကျေးလက်နေအမျိုး သမီးများထက် ကင်ဆာဖြစ်ပွားမှု ၁.၅ ဆပိုသည်။

6. အားကစားလုပ်ပါ
အေရိုးဗစ်ကစားခြင်း၊ ခပ်သုတ်သုတ်ပြေးခြင်းနှင့် ရေကူးခြင်းများကို တစ်ပတ်လျှင် ငါးနာရီထက် မနည်းလုပ် ဆောင်လျှင် အမျိုးသမီးများအား ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ အားကစားပြင်း ပြင်းထန် ထန်လုပ်ခြင်းနှင့် ရောဂါအန္တရာယ်လျော့ပါး လာခြင်းတို့သည် အဆက်အစပ်ရှိသည်။ သာမန်လှုပ်ရှား မှုမျှသာဖြစ်သော လမ်းလျှောက်ခြင်းနှင့် ဂေါက်ကစားခြင်းစသည်တို့သည် ကင်ဆာအပေါ် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိပေ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကင်ဆာကို အားပေးသောဟော်မုန်းများဖြစ် ပေါ်ခြင်းကိုလျှော့ချ ပေးသည်။

7. အလွန်အကျွံမသောက်ပါနဲ့
နေ့စဉ် ဘီယာတစ်ပိုင့် (သို့မဟုတ်) ၀ိုင်တစ်ဖန်ခွက် သောက်သုံးခြင်းဟာ အူကင်ဆာဖြစ်ပွားခြင်းကို ၁၀% ပိုမိုဖြစ်အားပေးပါတယ်။ အမျိုးသမီးများအတွက်လည်း ရင်သားကင်ဆာဖြစ်ခြင်းကို၂% ပိုမိုအားပေးပါတယ်။ အလွန်အကျွံသောက်ရင်ဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။ အရက်သောက်ခြင်းဟာလည်း အသဲကင်ဆာဖြစ်ပွားမှုနှင့် အဆက်အစပ်ရှိနေပါတယ်။

8. ကိရိယာဖြင့်နေပူစာလှုံခြင်းကို ရှောင်ပါ
ခေတ်ပေါ်အားပြင်းမီးချောင်းများမှထုတ်လွှတ်တဲ့ခရမ်းလွန်ရောင် ခြည်တွေကိုအသုံးပြုပြီးနေပူစာလှုံခြင်းဟာအရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။

9. အမဲသားလျှော့စားပါ
အမဲသားစားခြင်းဟာ ခန္ဓာကိုယ်အသားမျှင်တွေထဲမှာ အန္တရာယ်ရှိစေတဲ့ မော်လီကျူးတွေကို ဖြစ်စေပါတယ်။ အဲဒီမော်လီကျူးတွေက DNA ကိုဖျက်ဆီးပစ်ပြီးအူကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေတစ်ပတ်မှာ သုံးကြိမ်ကျော် အမဲသားစားရင် ရင်သားကင်ဆာ အန္တရာယ်တိုးပွား လာမှာဖြစ်ပါတယ်။ သွေးဆုံးတဲ့ အမျိုးသမီး တွေဆိုရင် ပိုပြီးအန္တရာယ်ရှိပါတယ်။

10. စိုးရိမ်စိတ် မများပါနဲ့။
အလွန်အမင်းစိုးရိမ်ပူပန်ခြင်းဟာ ကင်ဆာရောဂါအပါအ၀င် အကြောင်းကြောင်းကြောင့်စောစီးစွာ သေဆုံးမှု အန္တရာယ်ကို ၅၀%မြင့်တက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်း နှင့်စိုးရိမ်စိတ်များခြင်းဟာခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ဟော်မုန်းတွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုများ ခြင်းဟာအမျိုးသမီးတွေ အတွက်ရင်သား ကင်ဆာဖြစ်ပွားခြင်း ၏ကို နှစ်ဆမြင့်တက်စေပါတယ်။

11. အသင့်စားအစားအသောက်တွေကို မစားပါနဲ့
ဟမ်၊ ဘေကွန်၊ အသားချောင်းတွေကို နေ့စဉ်စားသုံးခြင်းဟာ အူကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၁% မြင့်တက် စေပြီး၊ လည်ချောင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ဆီးကျိတ်ကင် ဆာဖြစ်ပွားဖို့ လည်းအလား အလာရှိပါတယ်။

12. ဥများများစားပါ
အမျိုးသမီးများအနေဖြင့် တပတ်ကို ဥ ၆ လုံးစားရင် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၄၀% အထိလျှော့ချ ပေးပါတယ်။ ဥမှာ ကင်ဆာဆဲတိုးပွားမှုကို တိုက်ဖျက်နိုင်တဲ့ Sphingolipids ပါဝင်ပါတယ်။

13. မီးခိုးများတဲ့နေရာကို ရှောင်ပါ
ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မီးခိုးရှုရတဲ့သူဟာ ၂၀% ကနေ ၃၀% ကြား အဆုတ်ကင်ဆာ ဖြစ်ဖို့အခွင့် အလမ်းရှိပါတယ်။

14. ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းပါ
အ၀လွန်ခြင်းဟာလည်း ကင်ဆာရောဂါဖြစ်ပေါ်မှုအတွက် အရေးပါပါတယ်။ကင်ဆာရောဂါ ၃၀၀၀၀၀ရဲ့ သုံးပုံတစ်ပုံဟာ ကိုယ်အလေးချိန် နဲ့ ပတ်သက်ဆက်နွယ်မှုရှိ နေပါတယ်။ အဆီပိုတွေဟာ ရင်သားကင်ဆာ၊ အူကင်ဆာ၊ ပန်ခရိယကင်ဆာ အပါအ၀င် ကင်ဆာရောဂါ ၆ မျိုးကို ဖြစ်စေပါတယ်။

15. နို့သောက်ပါ
မလိုင်မပါတဲ့ နို့ တစ်ခွက်ကို နေ့စဉ်သောက်သုံးပေးခြင်းက အမျိုးသမီးများအတွက်သားဥအိမ်ကင်ဆာကို၄၀% လျှော့ချပေးနိုင်ပေမယ့် ပမာဏများတဲ့နို့ကို သောက်သုံးမယ်ဆိုရင် သားဥအိမ်ကင်ဆာအန္တရာယ် ကိုတိုးပွား စေပါတယ်။ အမျိုးသမီးများ နေ့စဉ်နို့နှစ်ခွက် သောက်စေခြင်းဟာပြင်းထန်သောရောဂါဆိုးကျိုးများကို ဖြစ်ပွားစေ တယ်ဆိုတာ အမျိုးသမီး ၆၀၀၀၀ဦးကို သုတေသနပြု လေ့လာမှု လုပ်ပြီးနောက် သိရှိခဲ့ရပါတယ်။

16. Oral sex ပေးခြင်းကို ရှောင်ကျဉ်ပါ
Oral sex ပေးခြင်းဟာ လည်ချောင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကျဉ်ရပါမယ်။

17. သင့်ရဲ့ရင်သွေးငယ်ကို နို့တိုက်ပါ
မိခင်တစ်ယောက်အနေနဲ့ ရင်သွေးငယ်ကို အနည်းဆုံး အချိန် ၆ လ နို့တိုက်ပေးခြင်းဖြင့် ရင်သားကင်ဆာရော၊ သားဥအိမ်ကင်ဆာကိုပါ ၇% လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ရင် မနက်ခင်းပိုင်းနေထိုင်မကောင်းဖြစ်ခြင်းကို ကျေကျေ နပ်နပ်လက်ခံပါ။ အဲဒီအချိန်တွေမှာ ကင်ဆာဆဲလ်တိုး တက်ဖြစ်ပေါ်မှုကို တားမြစ်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ် နေတာ ဖြစ်ပါတယ်။

18. သန္ဓေတားဆေးကို ခဏတဖြုတ် သောက်သုံးပါ
သန္ဓေတားဆေးသောက်သုံးခြင်းဟာ အမျိုးသမီးများအတွက် ကင်ဆာရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းနည်း စေပါတယ်။ ဒါပေမယ့် ၈နှစ် တာကာလကျော်အထိ သောက်သုံးနေမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်ဖို့ အခွင့် အလမ်းများလာမှာဖြစ်ပါတယ်။

19. နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပါနဲ့
အလှအပအတွက် နေပူစာလှုံတော့မယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့ အခါကျ တော့သတိရကြပါ။ ပြင်ပလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ၅၆% သာလျှင်ခရင်မ်လိမ်းဖို့ သတိရကြပါတယ်။ ကျန်တဲ့ ၄၄%ကတော့ အရေပြား ကင်ဆာဖြစ်ဖို့ လမ်းစပါပဲ။

20. မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာ ဘာမှမဆိုင်
မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာဟာ ဘာမှမဆိုင်ပါဘူးဆိုတာ ကင်ဆာသုတေသနသိပ္ပံနဲ့ ဥရောပ ငါးနိုင်ငံတို့ပူးပေါင်းပြီး လူ၄၀၀၀ကျော် အပေါ် ပြုလုပ်တဲ့ သုတေသနကြောင့် သိရှိခဲ့ရပါတယ်။

21. တစ်နေ့လျှင် 12 နာရီ အစာရေစာမစားဘဲနေလျှင် ခန္ဓာကိုယ်အထဲတွင်ပူပြီး Cancer cell ကို ဖျက် စီးနိုင်ကြောင်း ဥရောပ Cancer
သုတေသန များတွင်တွေ့ရှိရပါတယ်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

မေတ္တာရှေ့ထားလျှက်
http://myittar-yaysin.blogspot.com/

0 comments:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers